22 Aug

chocolate ချစ်သူများ

သတင်းတစ်ရပ်အထူး ထွက် ရှိလို့လာပါသည။်..ဆယ်ကျော်သက်အရွယ်ချစ် သူစုံတွဲများ ကိုစစ်တမ်းကောက်လေ့လာရာမှ ချောကလက်ကြိုက်သောချစ်သူကောင်လေးများသည် ချောကလက်မကြိုက် တဲ.ယောက်ကျားလေးများထက် ပိုမိုပြီး ကျန်းမာရေး ကောင်းမွန်ကြကြောင်းတွေ့ရှိလာသည်။..5 ရက်ကြာပြုလုပ်သောအဆိုပါ စမ်းသက်မှူ့ကာလအတွင်းတွင် ပထမဆုံး အနေ ဖြင့်
ဆယ်ကျော်သက်ယောက်ကျား လေးများ ကို ချောကလက်ကြိုက်သောအုပ် စု” က” နှင့် ချောကလက် မ ကြိုက်သော
အုပ် စု” ခ” ဟု အုပ် စု2 ခုခွဲ စေ ပြီး ” က” အုပ် စု ကို ချောကလက်, အပါအဝင်ပေါင်မုန့် နှင့် အခြားအစားအသောက်များ
ကို ကျွေး မွေးစေပြီး အုပ် စု” ခ” ပေါင်မုန့်နှင့် အခြားအစားအသောက်များ သာ ကျွေး ခဲ့ သည်။စမ်းသက်မှူ့ အပြီးတွင်
အုပ် စု2 ခုလုံး မှ ယောက်ကျားလေးများအားလုံး ၏ ဆီး နှင့် သွေးကို စစ်ဆေးစေရာ….
ချောကလက်ကြိုက်သောချစ်သူကောင်လေးများ ၏ သွေး ထဲ တွင်အန္မ္တ ရာယ် ဖြစ်စေသော အဆီဓတ်( LDL)ပာဝင်မှူ့ပမာဏမှာ
…ချောကလက် မစားသူများနှင့်နှိုင်းယှဉ် လျှင် သိသိသာသာ လျော့ နည်းနေသည်ကိုတွေ့ ရှိရသည်။
ထို့ကြောင့် ကျန်းမာရေးနှင့်ညီညွတ်သောစားသောက်နေထိုင်မှူ့ပုံစံရှိမည့်အပြင် ချောကလက်ကြိုက် သူ ဖြစ် ပါက
ကျန်းမာ ပျော်ရွှင်သော ဘဝ ကိုပိုင်ဆိုင်နိုင် ကြောင်းImperial College London and Nestle မှ သူ့တေသီ များက အတည်ပြုပြောကြားခဲ့သည်။
ထို့ကြောင့် လာမည့်2009 Valentine Day တွင် ချစ်သူကောင်မလေးများ ကိုချောကလက် လက်ဆောင်ပေးရန် ရည်ရွယ် ထားသူယောက်ကျားလေးများအနေဖြင့် ချစ်သူအတွက်သာမက ကိုယ် အတွက်ပါချောကလက် လက်ဆောင် ပြန်ဝယ်ပေးရန်ကောင်မလေးများကိုပြောဖို့မမေ့ပါနှင့်။
အသာတကြည်နှင့်ဝယ်မကျွေးပါက….ချစ်သူထံမှ chocolate တစ်ချိုး တစ်ဖဲ. ကို
အ တင်း လုယက် ရ်ျ သာစားကြပါ ကုန်လော့…..

chocolate ချစ်သူများ အငြင်းပွားအချင်းများပြီး

ချစ်အားပို နိုင်ကြပါစေ…..။


ကြည်ဇင် (ပြန်လည်ရေးဖွဲ့သည်)
(Ref: From READER’S DIGEST MEDICAL QUESTION & ANSWER BOOK , Aug-2008 )


20 Aug

Game Play မယ်…

sonmic

tennic

table tennic

football

pitmal

bubbles

arrow

9 Ball


20 Aug

Operation Of Selection

ကျွန်တော်ဒီနေ့ဆွေးနွေးမယ့် အပိုင်းက အားလုံးသိပြီးသားဖြစ်တဲ့ Operation Of Selection ဖြစ်ပါတယ်…ဒီအပိုင်းမှာ ဆွေးနွေးဖို့ အပိုင်း (၄)ခုရှိပါတယ်..ကျွန်တော် ဥပမာပုံလေးနဲ့ဆွေးနွေးထားပါတယ်…

  • (၁)    New Selection
  • (၂)    Add To Selection
  • (၃)    Substract From Selection
  • (၄)    Interset With Selection     အဲဒီအပိုင်းတွေပါဘဲ..ကျွန်တော် ၁ခုခြင်းပြန်ဆွေးနွေးပါ့မယ်။

(၁)    New Selection ။    ။ Selection ဆိုတာ photo ၏လိုချင်တဲ့ အပိုင်းကိုဖြတ်ယူတာပါ။ဒါပေမယ့် ဒီအခြေအနေမှာ Next Selection ဆွဲမယ်ဆိုရင် အရင်ဆွဲထားတဲ့ Selection ပျက်မှာပါ..
အဲဒီလိုအခြေအနေမှာ ကျန်တဲ့ Selection တွေကိုအသုံးပြုရမှာပါ။
(၂)     Add To Selection ။    ။ ဒီ Selection ကတော့ အရင်ဆွဲထားတဲ့ Selection ကို ထပ်ဆွဲတဲ့ Selection နဲ့ပေါင်းစပ်ပေးပါတယ်။ ( Shift Key+ Mouse )
(၃)    Substract From Selection ။    ။ ဒီ Selection ကတော့ အရင်ဆွဲထားတဲ့ Selection ထဲကနေ ထပ်ဆွဲတဲ့ Selection ကနှုတ်ယူတာပါ။ (Alt Key+ Mouse)
(၄)    Interset With Selection ။    ။  ဒီ Selection ကတော့ အရင်ဆွဲထားတဲ့ Selection နဲ့ နောက်ဆွဲတဲ့ Selection (၂)ခုပေါင်းရဲ့ ဘုံပါတာကိုယူတာပါ။ (Shift & Alt + Mouse )


17 Aug

စာအုပ်စာပေ နှစ်သက်သောသူငယ်ချင်းအတွက်

တချို့သောသူတို့သည် အတိတ်ဘ၀ ကျိုးပေးနည်းသောကြောင့် စာဖြင့် ဝေးရ၏။ စာအုပ်ကိုမချစ်။ ၀ါသနာမပါ။ အချိန်မရ။ ၀ယ်ဖတ်ရမှာနှမြော၏။ ထမင်းစားဖို့အလုပ်လုပ်ရင်း အသက်ရှင်သည်။ စာပေ၏တန်ဖိုးကို သူမသိ။ ရရှိနိုင်သည့်ကောင်းကျိုးကို သူမမြင်။ ငွေကိုသာ ခုံမင်၍ဆင်ခြင်တုံတရားနည်းစွာဖြင့် ဘ၀ကို ချစ်ခင်ပျော်မွေ့နေတော့၏။ တချို့သောသူတို့သည် စာအုပ်ကို ချစ်ခင်နှစ်သက်၏။ တန်ဖိုးထားလေးစား၏။ စာအုပ်ကြောင့် အသိတရားတိုးပွား၏။ ရင့်ကျက်ပြည့်ဝမှုကို ဖြစ်စေ၏။ စာအုပ်ကို မုဆိုးသားကောင်ဖမ်းသကဲ့သို့ အငမ်းမရရှာဖွေဖတ်ရှုတတ်၏။ လောကဓံကို ခံနိုင်စွမ်းရည်ရရှိ၏။ ငြိမ်းချမ်မှုကို ရှာတွေ့၏။ အမှန်တရားနှင့် အကျွမ်းဝင်၏။
ထိုသူတို့သည်…
လူဖြစ်ရကျိုးနပ်၍ လောက၌ မိတ်ဆွေကောင်းရသည် မည်၏။ ဘ၀အဓိပ္ပာယ်နှင့် တန်ဖိုးကိုသိသော လောကအကျိုးဆောင်နိုင်သူများ ၊ လူတို့၏ တန်ဖိုးထား လေးစားခံရသူများ ထိုက်တန်စွာ ဖြစ်ကြကုန်၏။
ထိုကြောင့်…
အသက်ရှင်နေသမျှ စာအုပ်ကို မိတ်ဆွေဖွဲ့ရာ၏။


17 Aug

သစ္စာ

  • လမ်းခွဲ နှုတ်ဆက်
  • ထွက်ခွာခဲ့တာ
  • အချိန်များစွာ
  • ကြာခဲ့ပါလည်း
  • သြော်….
  • တစ်နေ့ နေ့မှာ
  • မင်းရဲ့မျက်နှာ
  • ပြန်မြင်ရနိုး
  • တောင့်တနေဆဲ
  • င့ါရင်ထဲ
  • သိမ်းထားဆဲပါကွယ်…..ကွယ်။

သဉ္ဖာ


17 Aug

ချစ်သူ့ဒိုင်ယာရီ

  • နှလုံးသားမှာ
  • အချစ်နဲ့  ရေးသား
  • ငါ့အတွက်
  • နင်ပေးခ့ဲတာအားလုံး
  • သိမ်းကြုံးမှတ်ထားတယ်…..။

ရွှေဇင်


17 Aug

ထားခဲ့ သူ

  • နင် သိလား…?
  • ငါ လွမ်းနေခဲ့ တာ….
  • နင်သိလား..?
  • ငါမျှော်နေခဲ့ တာ…..
  • နင်သိလား…?
  • ငါဆုတောင်းနေမိတာ
  • နင်ပြန်လာချိန်နောက်ကျမသွားစေဖို့…..။

သဉ္ဖာ


17 Aug

တမ်းတ…..မဲ့ 

  • ဟိုး အဝေးကြီးကနေ
  • ပြုံးမပြပါနဲ့ ။
  • မှန်တစ်ချပ်ခြားနေရင်
  • လက်မကမ်းပါနဲ့ ။
  • တို့ ခေါင်း ငုံ့  ထား မှ
  • စိုက် မ ကြည့်  ပါ နဲ့  ။
  • ခွဲ ခွာ မယ် ဆို လည်း
  • နှု တ် မ ဆက် ပါ နဲ့ ။
  • ရင် ထဲ က စ ကား
  • ရင် ထဲ မှာ ပဲ ထား ရင်း
  • တစ် သက်တာမှာလည်း
  • ချစ်တယ်လို့ မပြောပါနဲ့…။

သဉ္ဖာ


17 Aug

ပေးစာ

  • နင် စိတ်ညစ်ရင်……..ငါ ငိုချင်တယ်….
  • နင် ပြုံးနေရင်…….ငါ ကြည်နူးတယ်….
  • နင် လိုအပ်တာ….. ငါ ဖြည့်ဆည်းလို့…..
  • နင့်  ဒုက္ခ ဟာ… ငါ့နောင်တမို့……
  • နင် နဲ့  ဝေး ရင် … ငါ ရူး လိမ့်  မယ်..

ရွှေစင်


16 Aug

photoshop အခြေခံ

ကျွန်တော် ဒီကဏ္ဍလေးမှာ photoshop နဲ့ပါတ်သတ်ပြီး သိသလောက်ပြန်လည်ဝေမျှလိုက်ပါတယ်… photoshop ယနေ့စာစောင်တွေ နံရံကပ်ပိုစတောတွေ ထုတ်ဝေတဲ့ နေရာမှာ ခောတ်အစားဆုံး ကွန်ပျူတာဂရပ်ဖစ် software ကတော့ adobe photoshop
ပါပဲ…ဓါတ်ပုံအားလုံးကို photoshop နဲ့ တစ်မူထူးခြားအောင်ပြုပြင်ပြောင်းလဲဖန်တီးလို့ ရပါတယ်…photoshop ဟာလေ့လာလို့ရန် လုံးဝမခက်ခဲပါဘူး…စိတ်ဝင်တစားလုပ်ရင်အဆသင်ပြေပါတယ်…
အဲ ပိုပြီးအဆင်ပြေချင်တယ်ဆိုရင် စိတ်ဝင်စားမှု နဲ့ စိတ်ကူးစိတ်သန်းကောင်း ဖို့ပါပဲ…. စာဆိုလေးတောင်ရှိပါတယ် ..တစ်နေ့တစ်လံ ပုဂံမရွေ့ ရွေ့သွားတယ်ဆိုလည်း အခုခောတ်ပေါ် speed ကောင်းတာနဲ့လိုက်လို့ရပါတယ်.. :P
အဲဒါဆို အခုကျွန်တော်တို့စပြီး ပေါက်ကရဆွေးနွေးကြရအောင် .. :P .. လိုအပ်ချက်ရှိရင်လဲ ဝေဖန်မှုပေးစေချင်ပါတယ်…..

ဆက်လက်ဖတ်ရှုရန်>>